
IBEC ကျောင်းတော်ကြီးတွင် သက်ဆိုင်ရာကဏ္ဍအသီးသီး၌ တာဝန်ထမ်းဆောင်ရန်အတွက် ဝန်ထမ်းလျှောက်လွှာများခေါ်ယူခြင်း။
ဖေဖော်ဝါရီ ၅၊ စစ်ကိုင်း။
IBEC ဆရာတော်ဘုရား၏ လမ်းညွှန်ချက်အရ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် IBEC ကျောင်းတော်ကြီး ၏ ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နိုင်ရန်အတွက် ဝန်ထမ်းလျှောက်လွှာများကို စတင်ထုတ်ယူနိုင်ပြီဖြစ်သည်။
လျှောက်လွှာများကို
– ဖေဖော်ဝါရီလ ၁ ရက်နေ့ မှ စတင်၍ထုတ်ယူနိုင်ပြီး မတ်လ ၃၁ ရက်နေ့တွင် လျှောက်လွှာပိတ်မည်ဖြစ်သည်။
– ဖြည့်စွက်ရမည့် လျှောက်လွှာများကို IBEC Human Resources Department (HR) တွင် ထုတ်ယူရမည်ဖြစ်ပြီး ထုတ်ယူထားသော လျှောက်လွှာများကို အဆိုပါဌာနတွင် ပြန်လည်တင်သွင်းလျှောက်ထားရမည်ဖြစ်သည်။
– ပြင်ပမှ တင်သွင်းလာသော လျှောက်လွှာများ
ဖြင့် ဝန်ထမ်းလျှောက်ထားခြင်းကို ခွင့်မပြုဘဲ IBEC ကျောင်းတော်ရုံးတံဆိပ်ထုနှိပ်ထားသော IBEC Human Resources Department မှ တရားဝင်ထုတ်ပေးသည့် လျှောက်လွှာများကိုသာ လက်ခံမည်ဖြစ်သည်။
လျှောက်လွှာတင်သွင်းသည့်သူများ၏ လူတွေ့စစ်ဆေးမှုဆောင်ရွက်မည့်နေ့ရက်ကို သီးခြားပြန်လည်ကြေညာပေးပါမည်။
လျှောက်လွှာနှင့်အတူ –
(က) ဘွဲ့လက်မှတ်မူရင်းတင်ပြရမည်။ (မိတ္တူပူးတွဲ၍)
(ခ) နိုင်ငံသားစိစစ်ရေးကဒ်ပြားမူရင်းတင်ပြရမည်။ (မိတ္တူပူးတွဲ၍)
(ဂ) တက်ရောက်ဖူးသော သင်တန်းများ၏ သင်တန်းဆင်းလက်မှတ်များ။
(ဃ) အိမ်ထောင်စုဇယားမူရင်းတင်ပြရမည်။(မိတ္တူပူးတွဲ၍)
(င) သက်ဆိုင်ရာဒေသ၏ ထောက်ခံစာ
(စ) ပတ်စပို့စ်ပုံ (၃) ပုံ
အစရှိသည်တို့ကို ပူးတွဲတင်ပြရမည်ဖြစ်သည်။
ဝန်ထမ်းလျှောက်လွှာများ ထုတ်ယူလျှောက်ထားခြင်းနှင့် ပတ်သက်၍ သိရှိလိုပါက ဌာနမှူး၊ IBEC Human Resources Department၊ ဖုန်းနံပါတ် 09-797840197 ထံသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် IBEC ကျောင်းတိုက်ကြီးသည် သာသနာပြုလုပ်ငန်းများ၊ ပညာရေးလုပ်ငန်းများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များကို ယခုအချိန်ကတည်းကပင် တိုးချဲ့ပြင်ဆင်လျက်ရှိရာ လာမည့်ပညာသင်နှစ်အတွက် လိုအပ်နေသော ဝန်ထမ်းများကို စတင်ခေါ်ယူခန့်အပ်တော့မည်ဖြစ်သည်။
ယခုလျှောက်လွှာတင်သွင်းမှုများ၊ လူတွေ့စစ်ဆေးမှုများ နှင့် ပတ်သက်၍ အငြင်းပွားမှုများ တစ်စုံတစ်ရာပေါ်ပေါက်ခဲ့ပါက IBEC ဆရာတော်ဘုရား၏ တိုက်ရိုက်ဆုံးဖြတ်ချက် (သို့တည်း မဟုတ်) ဌာနမှူး၊ လူ့စွမ်းအားအရင်းအမြစ်တိုးတက်ဖွံ့ဖြိုးရေးဌာန၊ဝန်ထမ်းရွေးချယ်ခန့်ထားရေးအဖွဲ့ ၏ ဆုံးဖြတ်ချက်များသာ အတည်ဖြစ်သည်။