စစ်ကိုင်း၊ ဇန်နဝါရီ ၁၇။
ဗုဒ္ဓဘာသာဆိုင်ရာ နိုင်ငံတကာ သုတေသနစာတမ်းဖတ်ပွဲကြီးကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် စစ်ကိုင်းတောင်ရိုးရှိ IBEC ဗုဒ္ဓတက္ကသိုလ် (University of IBEC) ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဤစာတမ်းဖတ်ပွဲသည် ပြည်တွင်းနှင့် ပြည်ပမှ ဗုဒ္ဓဘာသာ ပညာရှင်များ၊ သုတေသီများ၊ သံဃာတော်များနှင့် ပညာတော်သင်များ စုစည်း၍ ဗုဒ္ဓဘာသာဆိုင်ရာ လေ့လာတွေ့ရှိချက်များ၊ သုတေသနပြုချက်များကို မျှဝေဆွေးနွေးခဲ့ကြသည်။
နိုင်ငံတကာသုတေသနစာတမ်းဖတ်ပွဲ၌
၁။ ပါမောက္ခဒေါက်တာနေမိန္ဒ (IBSC၊ MCU၊ Thailand)
၂။ ပါမောက္ခဒေါက်တာဓမ္မာစာရ (မန္တလေးသီတဂူဗုဒ္ဓတက္ကသိုလ်)
၃။ ပါမောက္ခဒေါက်တာရာဇိန္ဒ (ဓမ္မဒူတဆေကိန္ဒတက္ကသိုလ်)
၄။ ပါမောက္ခဒေါက်တာဝိသုဒ္ဓ (University of IBEC)
၅။ ပါမောက္ခဒေါက်တာနာယက (မန္တလေးဗုဒ္ဓတက္ကသိုလ်) Moderator အဖြစ် တက္ကသိုလ်အသီးသီးမှ ပါမောက္ခဆရာတော်များက ဆောင်ရွက်ခဲ့ကြသည်။











