၂၀၂၅-၂၀၂၆ ပညာသင်နှစ် (ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနား

စစ်ကိုင်း၊ ဇန်နဝါရီ ၄။

စစ်ကိုင်းတောင်ရိုး IBEC ဗုဒ္ဓဘာသာပညာရေးစင်တာ ကျောင်းတိုက်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲများကို ဇန်နဝါရီလ ၃ ရက်နေ့တွင် IBEC Private School မှလည်းကောင်း၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် IBEC ဘုန်းတော်ကြီးသင်ပညာရေးမှလည်းကောင်း အသီးသီး ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း ပညာရေး၊ အားကစားနှင့် ဂီတနယ်ပယ်အသီးသီးတွင် ထူးချွန်ကြသော ကျောင်းသား၊ ကျောင်းသူများအား ဆုအသီးသီး ချီးမြှင့်ခဲ့သည်။